အတွေးအမြင်ဆောင်းပါး


July 6, 2025


အခုနောက်ပိုင်း Date Girl တွေရဲ့ Income ကို Public ချအပြအပြီးမှာ ထွက်ပေါ်လာတဲ့ ဂယက်လေးအကြောင်း တစ်ချက်ပြောချင်လို့ပါ။
Date Girl, Lady, Hi မယ် စသူတို့ဟာ အခြားအခြားသော အသက်မွေးဝမ်းကျောင်းမှုတွေလိုပဲ မိမိရဲ့ ခန္ဓာနဲ့ ဉာဏ်စွမ်းကို အသုံးချပြီး အလုပ်လုပ်နေကြရတာပါပဲ။
ဆရာဝန်ဟာ ဆေးကုတယ်, ခွဲစိတ်တယ်, စမ်းသပ်တယ်
ကာယစွမ်း ဉာဏစွမ်းကို အသုံးပြုရပါတယ်
လက်သမားဟာ ပန်းရံလိုက်တယ်, သဲအိတ်ထမ်းတယ်, အုတ်စီတယ်
သူ၏ အတတ်ပညာ၊ အသိပညာကို အသုံးပြုရတာပါပဲ
ဒီနေရာမှာမှ Date Girl တွေရဲ့ သူ့ခန္ဓာနဲ့ သူ့အတတ်ပညာကို အသုံးချပြီး ငွေရှာခြင်းဟာ ဘာကြောင့် တပါးသူထက် နိမ့်ပါးပြီး ယုတ်ညံ့တဲ့အလုပ်အကိုင်ဖြစ်သွားရတာပါသလဲ။
Date Girl နေနေ Lady နေနေ အင်ဂျင်နီယာနေနေ ပါမောက္ခကြီးပဲ ဖြစ်နေနေ လူသားတိုင်းဟာ အရင်းရှင်စနစ်အောက်မှာ မိမိရဲ့ ခန္ဓာနဲ့ အတတ်ပညာတွေကို အသုံးချမှသာလျှင် ရှင်သန်နိုင်ကြရပါတယ်။ ဒါကိုမှ ဒီအလုပ်က မြင့်တယ် ဟိုအလုပ်က နိမ့်ကျပါတယ် ဆိုရင် "ရွှံ့ထဲက ဝက်ချင်းအတူတူကို ငါ့ဆီပေနေတဲ့ ရွှံ့က သန့်သေးတယ်" ဆိုနေရင် နီယွန်နာဇီ သို့မဟုတ် ဖက်ဆစ် သို့မဟုတ် ဟစ်ပိုခရစ် ဖြစ်နေပြီဆိုတာကို အတွေးပေါက်သင့်ပါတယ်
တလောက 'မြင့်မြတ်' ရဲ့ စည်ပင်သာယာကာရိုက်တာ ကားကို ရုံတင်အပြီးမှာ "စည်ပင်ဝန်ထမ်းတွေရဲ့ ဘဝက အင်မတန် သနားစရာကောင်းပါလား" ဆိုတဲ့ လူအုပ်ကြီး ရှိခဲ့ပါတယ်။ အခုတဖန် ထိုလူအုပ်ကြီးကပဲ "Date Girl" ကို "Date Girl" ခေါ်စရာ မလိုဘူး "ဖာ က ဖာ" ပေါ့ ဆိုပြီး ထပ်ဖြစ်ကြပြန်ပါတယ်။ 
အလုပ်အကိုင်နဲ့ အဆင့်အတန်းဟာ လားလားမျှ မသက်ဆိုင်ပါကြောင်း ခင်ဗျားတို့ သိပ်အထင်ကြီးနေတဲ့ သူဌေးဆိုသူတွေရဲ့ အနားမှာ နေဖူး၊ မြင်ဖူး၊ ကြုံတွေ့ဖူးရင် ကောင်းကောင်းသိရှိနားလည်သွားကြပါလိမ့်မယ်။ မချမ်းသာဖူးသလို ချမ်းသာသူတွေ အနားမှာတောင် မနေဖူး မမြင်ဖူး မတွေ့ဖူးကြသူတွေကတော့ ကုမ္ပဏီပိုင်ရှင်ဆိုရင် သိပ်ကို မြင့်မြတ်တယ် ထင်ပြီး အမှိုက်ကောက်သမားဆို သိပ်ကို နိမ့်ကျတယ်လို့ မြင်မိမှာ မဆန်းပါဘူး။
"Date Girl" ဆိုသည်တို့မှာလည်း သူတို့ကိုယ်ပိုင် ထိန်းသိမ်းပြင်ဆင်ထားရတာတွေ ရှိပါတယ်။ ခန္ဓာကိုယ်အလှအပသည် အဓိက ဖြစ်တဲ့အလျောက် ဒီအရာပေါ်ကို သာမာန် လူထက် ပိုပြီး ဂရုစိုက်ကြရပါတယ်။ ဗိုက်ရွှဲ ဝဲထူနေတဲ့ Date Girl တစ်ယောက်ဆိုရင် သူ့ Income က ဒီလောက် ကောင်းမနေဘူးဆိုတာကို ရိပ်မိလောက်ကြပါတယ်။ ဒါတင်မကသေးဘဲ Date Girl တွေဟာ ပုရိဿ တွေရဲ့ ကြိုက်ခြင်း၊ မကြိုက်ခြင်း စတဲ့ အချက်တွေကိုလည်း လေ့လာဆင်ခြင်ကြရပါသေးတယ်။ Air-Con ခန်း ဆယ်ပေပတ်လည် ရုံးခန်းထဲမှာ ကွန်ပြူတာ ရှေ့ထိုင်ပြီး Excel Table တောင် Column Size ညီအောင် မဆွဲတတ်တဲ့ အစ်မတို့ ညီမလေးတို့ဟာ "Date Girl" တွေကို တိုက်ခိုက်နေတာကြီးကကျ နည်းနည်း Ironic ဖြစ်‌နေသလို အငုံစိတ်နဲ့ မနာလိုစိတ်တို့ ရှိနေတာကိုလည်း Public မှာ ချပြရာ ရောက်နေပါတယ်။
လူဆိုတာ ကိုယ့် Career ကိုအကောင်းဆုံးဖြစ်အောင် အစဉ်တစိုက် ကြိုးစားလေ့လာနေရတယ်။ "Date Girl" တွေတောင်မှ လေ့လာသင့်တာတွေ လေ့လာရပါတယ်၊ ရှောင်ကြဉ်သင့်တာတွေ ရှောင်ကြဉ်ရပါတယ်။ အခုလို သူတို့တွေကို ဝေဖန်တိုက်ခိုက်နေကြသူတွေကကော သူတို့လောက် ကိုယ့်သက်ဆိုင်ရာ Career အပေါ်မှာ Professional ဖြစ်နေပြီလား၊ စဉ်ဆက်မပြတ်လေ့လာ လိုက်စားတာတွေ ရှိနေပြီလား၊ ကြိုးစားနေပြီလား သို့မဟုတ် Comfort Zone ထဲမှာပဲ ရှိနေကြရင်း တစ်နှစ်တစ်ခါ တိုးများတိုးလာမလား‌ဆိုတဲ့ Appraisal ကို ထိုင်စောင့်နေကြတာလား ဆိုတာကို ပြန်သုံးသပ်သင့်ပါတယ်။
ယခုလို စာအရှည်‌ကြီးတွေ ရေးနေတယ်ဆိုတာသည်လည်း "Date Girl" ဆိုသူတွေကို ကာကွယ်နေတာ မဟုတ်ပါဘူး၊ သဘောထားကြီးကြဖို့ကို ပြောပြတာပါ။ ဒီလို ရေးသားနေလို့ ဒီကောင်က Date Girl တွေရဲ့ "ဂေါင်း" လားတို့ "နင့်ညီမကို Date Girl လုပ်ခိုင်းပါလား" တို့ "နင့်သမီးကျမှ Date Girl လုပ်ခိုင်းပါ" တို့ စတဲ့ အဆင့်အတန်းနဲ့ ဉာဏ်ရည်မပြည့်မှီတဲ့ မှတ်ချက်တွေ အတွက်ကိုတော့ ပြောစရာ တစ်ခွန်းပဲရှိပါတယ်
"သူတို့ ဖင်နဲ့ သူတို့ခံတာကို အစားဝင်နာသူတွေ ရှိလို့ ကိုယ့် ပါးစပ်နဲ့ ကိုယ့်လက်နဲ့ကို ပြန်လည်ချေပရခြင်းဖြစ်ပါတယ်ဗျာ"
ကိုယ့်အလုပ်၊ ကိုယ့်ကိစ္စကို လုပ်ကြတာသည်သာ ကောင်းပါတယ်။ ပါသင့်တဲ့ ကိစ္စကို ပါသင့်သလောက်ပဲ ပါကြရပါတယ်။ နိုင်ငံတော် သမ္မတဟာ PR ကောင်းချင်လို့ဆိုပြီး အမှိုက်ဝင်ကောက်နေလို့ မရပါဘူး၊ သူ့အလုပ်သူ လုပ်ရပါမယ်။ အမှိုက်ကောက်တတ်သူအတွက် အမှိုက်ကောက်တဲ့ အလုပ်ကရှိနှင့်နေပြီးသားပါ။ ကျွန်တော်တို့ အားလုံး အားလုံးဟာ အရင်းရှင်စနစ်ဆိုတဲ့ ယန္တာရားကြီး လည်ပတ်ဖို့အတွက် လိုလိုလားလားနဲ့ လည်ပတ်ပေးနေရတဲ့ ခွေးသွားစိတ်ကလေးတွေပါပဲ။ ကိုယ့်ဝင်ရိုးနဲ့ကိုယ် လည်နေတာသာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဝေဖန်မှုတွေ တိုက်ခိုက်မှု တွေဟာ ကိုယ့်ရဲ့ အငုံစိတ်၊ မနာလိုစိတ်၊ ဝန်တိုစိတ်နဲ့ မိမိကိုယ်မိမိ အားမလိုအားမရ ဖြစ်နေခြင်းတို့ကို ထုတ်ဖော်ပြသနေရာပဲ ကျပါတယ်။ တစ်နည်းအားဖြင့် Self-esteem နိမ့်ပါးသူတွေမှာ အတွေ့များရပါတယ်။
မိမိကိုယ် မိမိ "Date Girl" ထက်မြင့်မြတ်တယ်လို့ လက်ခံယူဆ‌နေတဲ့ အမျိုးသမီးတွေ အနေနဲ့ကလည်း ကိုယ်ကိုတိုင်က Materialist ဖြစ်နေတယ်ဆိုရင် မြင့်မြတ်မနေပါဘူးလို့ ထပ်လောင်းအတည်ပြုပေးပါရစေ။ 'ဆန်ပေးလို့ ဆေးရ' တဲ့ လောကမှာ ခန္ဓာပေးလို့ ငွေရတာချင်းအတူတူ အားလုံးဟာ ပြည့်တန်ဆာတွေချည်းပါပဲ။ ဆရာဝန်ဟာ မြင့်မြတ်မနေသလို 'Date Girl' ဟာလည်း နိမ့်ကျမနေပါဘူး။ ကိုယ်ကိုတိုင်လည်း လိင်ကိစ္စနဲ့ မကင်းနိုင်ကြတာချင်းအတူတူ သူတစ်ပါးက ငွေဝင်နေတာမြင်ကာမှ မနာလို မဖြစ်ကြပါနဲ့၊ မကျေနပ်ရင် အလုပ်အကိုင် ပြောင်းကြပါလို့ပဲ အကြံပြုချင်ပါတယ်။
"Date Girl" တွေကိုလည်းပြောရမယ်ဆိုရင် နိမ့်ကျမနေဘူးဆိုတာနဲ့ မြင့်မြတ်နေတာလည်း မဟုတ်ပြန်ပါဘူး။ ကိုယ့်နေရာကိုယ်သိပြီး ကိုယ့်အလုပ်ကို ဆက်လုပ်ပါ။ Customer တွေကို လေးစားပါ။ Professional ဆန်ကြပါ။ သဘောထားသေးသိမ်သူတွေကတော့ ခေတ်အဆက်ဆက်တိုင်း ရှိနေကြမှာပါပဲ။ 
အဆုံးသတ်ပြောရမယ်ဆိုရင် မူယာမာယာများပြီး ပလီပလာနဲ့ ချူစားနေတဲ့ မိန်းမမျိုးတွေထက် စာရင် Date Girl တွေက ပိုရိုးသားပါတယ်၊ ယောက်ျားတွေ တရုန်းရုန်းနဲ့ မိုနိုပိုလီထဲက မြွေလိမ်မြွေကောက်တွေလို ပလူးနေတာကို Play ပါတယ်ဆိုပြီး အမည်ခံနေတဲ့ မိန်းမတွေထက်စာရင် Date Girl တွေဟာ ပိုမြင့်မြတ်ပါသေးတယ်။ 

Keep Calm & Be Better, Guys
အတွေးအမြင်ဆောင်းပါး July 6, 2025 အခုနောက်ပိုင်း Date Girl တွေရဲ့ Income ကို Public ချအပြအပြီးမှာ ထွက်ပေါ်လာတဲ့ ဂယက်လေးအကြောင်း တစ်ချက်ပြောချင်လို့ပါ။ Date Girl, Lady, Hi မယ် စသူတို့ဟာ အခြားအခြားသော အသက်မွေးဝမ်းကျောင်းမှုတွေလိုပဲ မိမိရဲ့ ခန္ဓာနဲ့ ဉာဏ်စွမ်းကို အသုံးချပြီး အလုပ်လုပ်နေကြရတာပါပဲ။ ဆရာဝန်ဟာ ဆေးကုတယ်, ခွဲစိတ်တယ်, စမ်းသပ်တယ် ကာယစွမ်း ဉာဏစွမ်းကို အသုံးပြုရပါတယ် လက်သမားဟာ ပန်းရံလိုက်တယ်, သဲအိတ်ထမ်းတယ်, အုတ်စီတယ် သူ၏ အတတ်ပညာ၊ အသိပညာကို အသုံးပြုရတာပါပဲ ဒီနေရာမှာမှ Date Girl တွေရဲ့ သူ့ခန္ဓာနဲ့ သူ့အတတ်ပညာကို အသုံးချပြီး ငွေရှာခြင်းဟာ ဘာကြောင့် တပါးသူထက် နိမ့်ပါးပြီး ယုတ်ညံ့တဲ့အလုပ်အကိုင်ဖြစ်သွားရတာပါသလဲ။ Date Girl နေနေ Lady နေနေ အင်ဂျင်နီယာနေနေ ပါမောက္ခကြီးပဲ ဖြစ်နေနေ လူသားတိုင်းဟာ အရင်းရှင်စနစ်အောက်မှာ မိမိရဲ့ ခန္ဓာနဲ့ အတတ်ပညာတွေကို အသုံးချမှသာလျှင် ရှင်သန်နိုင်ကြရပါတယ်။ ဒါကိုမှ ဒီအလုပ်က မြင့်တယ် ဟိုအလုပ်က နိမ့်ကျပါတယ် ဆိုရင် "ရွှံ့ထဲက ဝက်ချင်းအတူတူကို ငါ့ဆီပေနေတဲ့ ရွှံ့က သန့်သေးတယ်" ဆိုနေရင် နီယွန်နာဇီ သို့မဟုတ် ဖက်ဆစ် သို့မဟုတ် ဟစ်ပိုခရစ် ဖြစ်နေပြီဆိုတာကို အတွေးပေါက်သင့်ပါတယ် တလောက 'မြင့်မြတ်' ရဲ့ စည်ပင်သာယာကာရိုက်တာ ကားကို ရုံတင်အပြီးမှာ "စည်ပင်ဝန်ထမ်းတွေရဲ့ ဘဝက အင်မတန် သနားစရာကောင်းပါလား" ဆိုတဲ့ လူအုပ်ကြီး ရှိခဲ့ပါတယ်။ အခုတဖန် ထိုလူအုပ်ကြီးကပဲ "Date Girl" ကို "Date Girl" ခေါ်စရာ မလိုဘူး "ဖာ က ဖာ" ပေါ့ ဆိုပြီး ထပ်ဖြစ်ကြပြန်ပါတယ်။  အလုပ်အကိုင်နဲ့ အဆင့်အတန်းဟာ လားလားမျှ မသက်ဆိုင်ပါကြောင်း ခင်ဗျားတို့ သိပ်အထင်ကြီးနေတဲ့ သူဌေးဆိုသူတွေရဲ့ အနားမှာ နေဖူး၊ မြင်ဖူး၊ ကြုံတွေ့ဖူးရင် ကောင်းကောင်းသိရှိနားလည်သွားကြပါလိမ့်မယ်။ မချမ်းသာဖူးသလို ချမ်းသာသူတွေ အနားမှာတောင် မနေဖူး မမြင်ဖူး မတွေ့ဖူးကြသူတွေကတော့ ကုမ္ပဏီပိုင်ရှင်ဆိုရင် သိပ်ကို မြင့်မြတ်တယ် ထင်ပြီး အမှိုက်ကောက်သမားဆို သိပ်ကို နိမ့်ကျတယ်လို့ မြင်မိမှာ မဆန်းပါဘူး။ "Date Girl" ဆိုသည်တို့မှာလည်း သူတို့ကိုယ်ပိုင် ထိန်းသိမ်းပြင်ဆင်ထားရတာတွေ ရှိပါတယ်။ ခန္ဓာကိုယ်အလှအပသည် အဓိက ဖြစ်တဲ့အလျောက် ဒီအရာပေါ်ကို သာမာန် လူထက် ပိုပြီး ဂရုစိုက်ကြရပါတယ်။ ဗိုက်ရွှဲ ဝဲထူနေတဲ့ Date Girl တစ်ယောက်ဆိုရင် သူ့ Income က ဒီလောက် ကောင်းမနေဘူးဆိုတာကို ရိပ်မိလောက်ကြပါတယ်။ ဒါတင်မကသေးဘဲ Date Girl တွေဟာ ပုရိဿ တွေရဲ့ ကြိုက်ခြင်း၊ မကြိုက်ခြင်း စတဲ့ အချက်တွေကိုလည်း လေ့လာဆင်ခြင်ကြရပါသေးတယ်။ Air-Con ခန်း ဆယ်ပေပတ်လည် ရုံးခန်းထဲမှာ ကွန်ပြူတာ ရှေ့ထိုင်ပြီး Excel Table တောင် Column Size ညီအောင် မဆွဲတတ်တဲ့ အစ်မတို့ ညီမလေးတို့ဟာ "Date Girl" တွေကို တိုက်ခိုက်နေတာကြီးကကျ နည်းနည်း Ironic ဖြစ်‌နေသလို အငုံစိတ်နဲ့ မနာလိုစိတ်တို့ ရှိနေတာကိုလည်း Public မှာ ချပြရာ ရောက်နေပါတယ်။ လူဆိုတာ ကိုယ့် Career ကိုအကောင်းဆုံးဖြစ်အောင် အစဉ်တစိုက် ကြိုးစားလေ့လာနေရတယ်။ "Date Girl" တွေတောင်မှ လေ့လာသင့်တာတွေ လေ့လာရပါတယ်၊ ရှောင်ကြဉ်သင့်တာတွေ ရှောင်ကြဉ်ရပါတယ်။ အခုလို သူတို့တွေကို ဝေဖန်တိုက်ခိုက်နေကြသူတွေကကော သူတို့လောက် ကိုယ့်သက်ဆိုင်ရာ Career အပေါ်မှာ Professional ဖြစ်နေပြီလား၊ စဉ်ဆက်မပြတ်လေ့လာ လိုက်စားတာတွေ ရှိနေပြီလား၊ ကြိုးစားနေပြီလား သို့မဟုတ် Comfort Zone ထဲမှာပဲ ရှိနေကြရင်း တစ်နှစ်တစ်ခါ တိုးများတိုးလာမလား‌ဆိုတဲ့ Appraisal ကို ထိုင်စောင့်နေကြတာလား ဆိုတာကို ပြန်သုံးသပ်သင့်ပါတယ်။ ယခုလို စာအရှည်‌ကြီးတွေ ရေးနေတယ်ဆိုတာသည်လည်း "Date Girl" ဆိုသူတွေကို ကာကွယ်နေတာ မဟုတ်ပါဘူး၊ သဘောထားကြီးကြဖို့ကို ပြောပြတာပါ။ ဒီလို ရေးသားနေလို့ ဒီကောင်က Date Girl တွေရဲ့ "ဂေါင်း" လားတို့ "နင့်ညီမကို Date Girl လုပ်ခိုင်းပါလား" တို့ "နင့်သမီးကျမှ Date Girl လုပ်ခိုင်းပါ" တို့ စတဲ့ အဆင့်အတန်းနဲ့ ဉာဏ်ရည်မပြည့်မှီတဲ့ မှတ်ချက်တွေ အတွက်ကိုတော့ ပြောစရာ တစ်ခွန်းပဲရှိပါတယ် "သူတို့ ဖင်နဲ့ သူတို့ခံတာကို အစားဝင်နာသူတွေ ရှိလို့ ကိုယ့် ပါးစပ်နဲ့ ကိုယ့်လက်နဲ့ကို ပြန်လည်ချေပရခြင်းဖြစ်ပါတယ်ဗျာ" ကိုယ့်အလုပ်၊ ကိုယ့်ကိစ္စကို လုပ်ကြတာသည်သာ ကောင်းပါတယ်။ ပါသင့်တဲ့ ကိစ္စကို ပါသင့်သလောက်ပဲ ပါကြရပါတယ်။ နိုင်ငံတော် သမ္မတဟာ PR ကောင်းချင်လို့ဆိုပြီး အမှိုက်ဝင်ကောက်နေလို့ မရပါဘူး၊ သူ့အလုပ်သူ လုပ်ရပါမယ်။ အမှိုက်ကောက်တတ်သူအတွက် အမှိုက်ကောက်တဲ့ အလုပ်ကရှိနှင့်နေပြီးသားပါ။ ကျွန်တော်တို့ အားလုံး အားလုံးဟာ အရင်းရှင်စနစ်ဆိုတဲ့ ယန္တာရားကြီး လည်ပတ်ဖို့အတွက် လိုလိုလားလားနဲ့ လည်ပတ်ပေးနေရတဲ့ ခွေးသွားစိတ်ကလေးတွေပါပဲ။ ကိုယ့်ဝင်ရိုးနဲ့ကိုယ် လည်နေတာသာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဝေဖန်မှုတွေ တိုက်ခိုက်မှု တွေဟာ ကိုယ့်ရဲ့ အငုံစိတ်၊ မနာလိုစိတ်၊ ဝန်တိုစိတ်နဲ့ မိမိကိုယ်မိမိ အားမလိုအားမရ ဖြစ်နေခြင်းတို့ကို ထုတ်ဖော်ပြသနေရာပဲ ကျပါတယ်။ တစ်နည်းအားဖြင့် Self-esteem နိမ့်ပါးသူတွေမှာ အတွေ့များရပါတယ်။ မိမိကိုယ် မိမိ "Date Girl" ထက်မြင့်မြတ်တယ်လို့ လက်ခံယူဆ‌နေတဲ့ အမျိုးသမီးတွေ အနေနဲ့ကလည်း ကိုယ်ကိုတိုင်က Materialist ဖြစ်နေတယ်ဆိုရင် မြင့်မြတ်မနေပါဘူးလို့ ထပ်လောင်းအတည်ပြုပေးပါရစေ။ 'ဆန်ပေးလို့ ဆေးရ' တဲ့ လောကမှာ ခန္ဓာပေးလို့ ငွေရတာချင်းအတူတူ အားလုံးဟာ ပြည့်တန်ဆာတွေချည်းပါပဲ။ ဆရာဝန်ဟာ မြင့်မြတ်မနေသလို 'Date Girl' ဟာလည်း နိမ့်ကျမနေပါဘူး။ ကိုယ်ကိုတိုင်လည်း လိင်ကိစ္စနဲ့ မကင်းနိုင်ကြတာချင်းအတူတူ သူတစ်ပါးက ငွေဝင်နေတာမြင်ကာမှ မနာလို မဖြစ်ကြပါနဲ့၊ မကျေနပ်ရင် အလုပ်အကိုင် ပြောင်းကြပါလို့ပဲ အကြံပြုချင်ပါတယ်။ "Date Girl" တွေကိုလည်းပြောရမယ်ဆိုရင် နိမ့်ကျမနေဘူးဆိုတာနဲ့ မြင့်မြတ်နေတာလည်း မဟုတ်ပြန်ပါဘူး။ ကိုယ့်နေရာကိုယ်သိပြီး ကိုယ့်အလုပ်ကို ဆက်လုပ်ပါ။ Customer တွေကို လေးစားပါ။ Professional ဆန်ကြပါ။ သဘောထားသေးသိမ်သူတွေကတော့ ခေတ်အဆက်ဆက်တိုင်း ရှိနေကြမှာပါပဲ။  အဆုံးသတ်ပြောရမယ်ဆိုရင် မူယာမာယာများပြီး ပလီပလာနဲ့ ချူစားနေတဲ့ မိန်းမမျိုးတွေထက် စာရင် Date Girl တွေက ပိုရိုးသားပါတယ်၊ ယောက်ျားတွေ တရုန်းရုန်းနဲ့ မိုနိုပိုလီထဲက မြွေလိမ်မြွေကောက်တွေလို ပလူးနေတာကို Play ပါတယ်ဆိုပြီး အမည်ခံနေတဲ့ မိန်းမတွေထက်စာရင် Date Girl တွေဟာ ပိုမြင့်မြတ်ပါသေးတယ်။  Keep Calm & Be Better, Guys 💪
0 Comments 0 Shares 177 Views 0 Reviews
ATRDating https://atrdating.com